Buy.com.mm၏ စည်းမျဥ်းစည်းကမ်းများ  

ဖော်ပြပါ စည်းမျဥ်းစည်းကမ်းများသည် Buy.com.mm၏ ဝန်ဆောင်မှုအား အသုံးပြုခြင်းအတွက် သက်ဆိုင်ပါသည်။   

ကျွန်ုပ်တို့သည် ဤစည်းမျဥ်းစည်းကမ်းများတွင် ဖော်ပြပါ အသုံးအနှုန်းများအား အပြန်အလှန် အသုံးပြုမည်ဖြစ်ပြီး အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်သည်။  

၁။ Buy.com.mm 

၁-၁။ Buy.com.mmသည် WavePay အသုံးပြုသူများအတွက် သီးသန့်ပြုလုပ်ထားသော အီလက်ထရွန်းနစ် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်သော E-commerce ပလက်ဖောင်းတစ်ခုဖြစ်သည်။  

၁-၂။ Buy.com.mm တွင် ရောင်းချသော ကုန်ပစ္စည်းများသည် Buy.com.mm ၏ ယုံကြည်စိတ်ချရသော တရားဝင် ဖြန့်ဖြူးသူနှင့် ‌ပြန်လည်ရောင်းချသူမှ ရောင်းချခြင်းဖြစ်သည်။ 

၁-၃။ Buy.com.mmတွင် ရောင်းချထားသော ကုန်ပစ္စည်းများအားလုံးတွင် ကုန်သည်များမှ ပေးဆောင်ထားသော ကုန်ပစ္စည်း၏ အခြေခံအာမခံ ပါဝင်ပြီးသားဖြစ်သည်။  

၁-၄။ Buy.com.mmမှ ဝယ်ယူသူများသည် ကုန်ပစ္စည်းအား ဝယ်ယူပြီးနောက်တွင်လည်း ကုန်သည်များထံမှ ဝန်ဆောင်မှုများကို ဆက်လက်ခံစားခွင့်ရှိသည်။  

၂။ အသုံးပြုခွင့် ကန့်သတ်ခြင်း 

၂-၁။ ဝန်ဆောင်မှုအား အသုံးပြုသူသည် အသက်၁၈နှစ်နှင့်အထက်ရှိရမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသော WavePay မိုဘိုင်းပိုက်ဆံအိတ် အကောင့် ရှိရမည်ဖြစ်သည်။  

၂-၂။ ဝန်ဆောင်မှုအားအသုံးပြုရန် အရည်အချင်းပြည့်မီခြင်း ရှိ/မရှိအား အခါအားလျော်စွာ သုံးသပ်၍ ပြောင်းလဲပြင်ဆင်မည်ဖြစ်ပြီး Buy.com.mmသည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အရည်အချင်းသတ်မှတ်ချက်များကို ပြုပြင်ပြောင်းလဲပိုင်ခွင့်ရှိသည်။ 

၃။ အသုံးပြုသူ ကိုယ်ရေးအချက်အလက် 

၃-၁။ အသုံးပြုသူများသည် ငွေပေးချေမှုမပြုလုပ်မီ ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူရမည်ဖြစ်ပြီး အော်ဒါမှာယူမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ပြီးမြောက်စေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဖုန်းနံပါတ် နှင့် ပို့ဆောင်ရမည့်လိပ်စာဖြစ်သော လိုအပ်သည့် ကိုယ်ရေးအချက်အလက်များကို ပေးပို့ခြင်းဖြင့် သဘောတူညီချက်ပေးရမည်ဖြစ်သည်။ 

၄။ ကုန်ပစ္စည်း ရရှိနိုင်ခြင်း 

၄-၁။ မှာယူမှုများသည် ကုန်ပစ္စည်းရရှိနိုင်ခြင်းနှင့် အတည်ပြုခြင်းအပေါ် မူတည်ပြီး ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မဆို ကြိုတင်အသိပေးခြင်းမရှိဘဲ ကုန်ပစ္စည်းဈေးနှုန်း၊ အရေအတွက်ကန့်သတ်ခြင်း သို့မဟုတ် ကုန်ပစ္စည်းရောင်းချမှု ရပ်ဆိုင်းခြင်းတို့ကို လုပ်ဆောင်ရန် အခွင့်အရေးရှိပါသည်။ 

၄-၂။ မှာယူမှု အတည်ပြုပြီးသည်နှင့်တပြိုင်နက် အသုံးပြုသူသည် ရွေးချယ်ထားသော ကုန်ပစ္စည်း အမျိုးအစားများကို ပြောင်းလဲခွင့်မရှိပါ။ 

၅။ ကုန်ပစ္စည်းများနှင့် ဈေးနှုန်းများ 

၅-၁။ Buy.com.mmတွင် ဖော်ပြထားသော ကုန်ပစ္စည်းအားလုံးသည် လက်ရှိပစ္စည်းရရှိနိုင်မှု အခြေအနေနှင့်သာ သက်ဆိုင်သည်။  

၅-၂။ ကုန်ပစ္စည်း ဈေးနှုန်းများသည် (ကျပ်)မြန်မာကျပ်ဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး တခြားမဖော်ပြထားသော အရာများမှလွဲ၍ အခွန်အားလုံး အပြီးအစီး ပါဝင်ပြီးသားဖြစ်သည်။  

၅-၃။ ကျွန်ုပ်တို့သည် ကုန်ပစ္စည်းဈေးနှုန်းနှင့် အသေးစိတ်အား ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲပိုင်ခွင့်ရှိသည်။ 

၅-၄။ Buy.com.mmတွင် ရရှိနိုင်သော ကုန်ပစ္စည်း၊ ဈေးနှုန်းနှင့် ပရိုမိုးရှင်းများသည် Buy.com.mm မှစီမံလုပ်ဆောင်ထားခြင်းဖြစ်ပြီး ဝယ်ယူသူသည် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့်အတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။  

၆။ အော်ဒါမှာယူခြင်း 

၆-၁။ ဝယ်ယူသူသည် WavePay အက်ပ်ပလီကေးရှင်း မှတစ်ဆင့် Buy.com.mm ဝက်ဘ်ဆိုဒ်တွင်လည်းကောင်း၊ Buy.com.mmမှ သတ်မှတ်ထားသော အခြားဆက်သွယ်ရေး နည်းလမ်းများဖြင့်လည်းကောင်း ကုန်ပစ္စည်းများကို မှာယူမှုပြုလုပ်နိုင်ပါသည်။ 

၆-၂။ မှာယူမှုများကို ငွေပေးချေမှုပြုလုပ်ပြီးမှသာလျှင် အတည်ပြုပါမည်။ ဆိုလိုသည်မှာ ကုန်ပစ္စည်းဈေးနှုန်းနှင့် ပို့ဆောင်ခကို အောင်မြင်စွာ ပေးဆောင်ပြီးမှသာလျှင် မှာယူမှုအတည်ပြုချက် ရရှိနိုင်မည်ဖြစ်သည်။ 

၇။ ငွေပေးချေရန်နည်းလမ်း 

၇-၁။ ငွေပေးချေမှုများကို WavePay အက်ပ်ပလီကေးရှင်းရှိ Buy.com.mm biller အကောင့်မှတစ်ဆင့် ပြုလုပ်ရမည်။ ငွေပေးချေမှုအားလုံးကို သတ်မှတ်ထားသောအချိန်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ချိန်ထက်ကျော်လွန်ပါက မှာယူမှုအား အလိုအလျောက် ပယ်ဖျက်မည်ဖြစ်သည်။ ထိုကဲ့သို့ မှာယူမှု အလိုအလျောက် ပယ်ဖျက်ခံရပါက Buy.com.mm သည် ထိုကုန်ပစ္စည်းအား အသုံးပြုသူမှ နောက်တစ်ကြိမ် ပြန်လည်ရွေးချယ် ရရှိနိုင်ရန်အတွက် တာဝန်မရှိပါ။ 

၈။ အော်ဒါပယ်ဖျက်ခြင်း 

၈-၁။ ဝယ်ယူသူသည် ငွေပေးချေမှုအား အောင်မြင်စွာ မပြုလုပ်ရသေးသည့်တိုင် မှာယူမှုအားပယ်ဖျက်နိုင်သည်။ 

၈-၂။ Buy.com.mmသည် ငွေပေးချေမှု ပြဿနာများ၊ ကုန်ပစ္စည်းမရရှိနိုင်တော့ခြင်း သို့မဟုတ် သံသယဖြစ်ဖွယ် လိမ်လည်မှုများတွေ့ရှိပါက မှာယူမှုအား ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ Buy.com.mmမှ မှာယူမှုအား ပယ်ဖျက်ခြင်းများရှိပါက ဝယ်ယူသူအား အကြောင်းကြားပေးသွားမည်ဖြစ်သည်။ 

၈-၃။ Buy.com.mmသည် သတ်မှတ်ထားသော အချိန်အတွင်းတွင် ငွေပေးချေမှုမပြုလုပ်သော မှာယူမှုများအား ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ 

၉။ ပို့ဆောင်ခြင်း 

၉-၁။ ပို့ဆောင်ခြင်းဝန်ဆောင်မှုကို ရွေးချယ်ခြင်းဖြင့် ဝယ်ယူသူသည် မှာယူမှုပြုလုပ်ခြင်းအဆင့်တွင် ပြသထားသော ပို့ဆောင်ခကို ကုန်ပစ္စည်းဈေးနှုန်း ပေးချေခြင်းနှင့်အတူ ကြိုတင်ပေးချေရမည်ကို သဘောတူကြောင်း အတည်ပြုပါသည်။  

၉-၂။ ဝယ်ယူထားသော ကုန်ပစ္စည်းများကို ဝယ်ယူသူမှ မှာယူမှုလုပ်ငန်းစဥ်တွင် ဖော်ပြခဲ့သော လိပ်စာသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ 

၉-၃။ ပို့ဆောင်ချိန်များသည် ခန့်မှန်းခြေများသာဖြစ်ပြီး တည်နေရာနှင့် အခြားသက်ရောက်မှုရှိသော အချက်များအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ 

၉-၄။ ဝယ်ယူသူများသည် ပို့ဆောင်ချိန်နှင့်ပတ်သက်သည့် အချိန်နှောင့်နှေးကြန့်ကြာမှုများ သို့မဟုတ် ပြဿနာများသည် ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူ၏ တာဝန်သာဖြစ်ပြီး Buy.com.mm ၏ တာဝန်မဟုတ်ကြောင်း သဘောတူညီ၍ အတည်ပြုပါသည်။ 

၉-၅။ ဝယ်ယူသူသည် ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူထံမှ ပို့ဆောင်ထားသော ပစ္စည်းကို လက်ခံရန် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းကို ပြသရမည်။ ဝယ်ယူသူကိုယ်တိုင် ပစ္စည်းကို လက်မခံနိုင်ပါက၊ ပို့ဆောင်သည့်နေ့မတိုင်မီတွင် Buy.com.mm သို့ ပစ္စည်းအားလက်ခံမည့် ကိုယ်စားလှယ်အချက်အလက်ကို ကြိုတင်အသိပေးရမည်ဖြစ်ပြီး၊ ထို ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်း Buy.com.mm သို့ ကြိုတင်ပေးပို့ရမည်ဖြစ်သည်။ ဝယ်ယူသူ သို့မဟုတ် လက်ခံသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကို မပြသနိုင်ပါက ကုန်ပစ္စည်းကို ပို့ဆောင်လွှဲပြောင်းပေးမည်မဟုတ်ဘဲ အဆိုပါ ဝယ်ယူသူသည် ဒုတိယအကြိမ်အတွက် ပို့ဆောင်ခ (ရှိပါက) ကို ထပ်မံပေးဆောင်ရမည်ဖြစ်သည်။ 

၉.၆။ မှာယူမှုပြုလုပ်ခြင်းအဆင့်တွင် ပြသထားသော ပို့ဆောင်ခတွင် အာမခံဝန်ဆောင်မှု ပါဝင်ပြီး ကုန်ပစ္စည်းကို ပို့ဆောင်ရာတွင် ခိုးယူခံရမှု၊ ပျောက်ဆုံးမှု သို့မဟုတ် ပျက်စီးမှုများအတွက် အာမခံကြေး ထားပေးထားခြင်းဖြစ်သည်။ ပို့ဆောင်မှု ပြီးမြောက်အောင်မြင်ပါက ထိုအာမခံကို အသုံးပြုထားသည်ဟု သတ်မှတ်ပြီး အာမခံကြေးကို လျှော့ချခြင်း သို့မဟုတ် ပြန်အမ်းခြင်း ပြုလုပ်မည်မဟုတ်ပါ။ 

၉-၇။ ဝယ်ယူသူသည် ပို့ဆောင်ချိန်တွင် ပို့ဆောင်မှုဝန်ဆောင်မှုပေးသူ၏ ညွှန်ကြားချက်များကို လိုက်နာပြီး လက်မှတ်ရေးထိုးရမည်။ ထိုလိုအပ်သော ညွှန်ကြားချက်များကို မလိုက်နာပါက ကုန်ပစ္စည်းကို လက်ဝယ်ပေးအပ်မည်မဟုတ်ပါ။ 

၁၀။ ကိုယ်တိုင်ထုတ်ယူခြင်း 

၁၀-၁။ ဝယ်ယူသူသည် မှာယူမှုပြုလုပ်ခြင်းအဆင့်တွင် ရွေးချယ်ခဲ့သော ပစ္စည်းထုတ်ယူရာနေရာတွင် ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော ဝန်ဆောင်မှုအချိန်အတွင်း ထုတ်ယူရမည်။  

၁၀-၂။ ကိုယ်တိုင်ထုတ်ယူမည်ဟု ရွေးချယ်ခဲ့ပါက မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန်မလိုအပ်ပါ။  

၁၀-၃။ ဝယ်ယူသူသည် ကုန်ပစ္စည်းကို ထုတ်ယူစဉ်တွင် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြသရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မယူဆောင်လာပါက Buy.com.mm သည် ကုန်ပစ္စည်းကို ထုတ်ပေးမည်မဟုတ်ပါ။ ဝယ်ယူသူသည် အခြားပုဂ္ဂိုလ်တစ်ဦးကို ကိုယ်စားထုတ်ယူစေလိုပါက ထုတ်ယူချိန်မတိုင်မီတွင် Buy.com.mm သို့ ကြိုတင်အသိပေးရမည်ဖြစ်ပြီး Buy.com.mm ၏ လိုအပ်ချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ 

၁၀-၄။ ကိုယ်တိုင်ထုတ်ယူရန်အတွက် အချိန်နှင့် တည်နေရာကို Buy.com.mm မှ အသိပေးအကြောင်းကြားပေးပါမည်။ ကိုယ်တိုင်ထုတ်ယူခြင်းအား ရုံးချိန်အတွင်းသာ ရရှိနိုင်မည်ဖြစ်ပြီး အဆင်မပြေမှုများအတွက် ကြိုတင်မေတ္တာရပ်ခံပါသည်။ 

၁၀-၅။ ကုန်ပစ္စည်းကို ကိုယ်တိုင်ထုတ်ယူရာတွင် Buy.com.mm မှ ခွင့်ပြုထားသော ပုဂ္ဂိုလ်၏ ညွှန်ကြားချက်များကို လိုက်နာပြီး လက်မှတ်ရေးထိုးရမည်။ ထိုလိုအပ်သော ညွှန်ကြားချက်များကို မလိုက်နာပါက ကုန်ပစ္စည်းကို လက်ဝယ်ပေးအပ်မည်မဟုတ်ပါ။ 

၁၁။ ငွေတောင်းခံလွှာ 

၁၁-၁။ ဝယ်ယူသူများသည် မှာယူမှုပြုလုပ်ခြင်းအဆင့်တွင် ငွေတောင်းခံလွှာ အချက်အလက်များကို သေချာပြန်လည်စစ်ဆေးရန်နှင့် WavePay အက်ပ်ပလီကေးရှင်းမှတစ်ဆင့် ပြုလုပ်သော ငွေပေးချေမှုအား တိကျမှန်ကန်မှု သေချာစေရန် တာဝန်ရှိသည်။ ငွေပေးချေမှု အချက်အလက်များတွင် မတူညီမှုများ ရှိပါက ငွေတောင်းခံသည့် ရက်စွဲမှ ၂၄ နာရီအတွင်းတွင် Buy.com.mm သို့ အသိပေးရမည်။ 

၁၁-၂။ ဝယ်ယူသူသည် Buy.com.mm သို့ WavePay အက်ပ်ပလီကေးရှင်းမှတစ်ဆင့် သတ်မှတ်ထားသော အချိန်အတွင်းသာ ငွေပေးချေမှု ပြုလုပ်နိုင်သည်။ 

၁၁-၃။ သတ်မှတ်ထားသော အချိန်အတွင်း ငွေပေးချေမှု မပြုလုပ်ပါက Buy.com.mm သည် အော်ဒါကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ 

၁၂။ ပြန်အမ်းငွေ 

၁၂-၁။ စျေးနှုန်းပြောင်းလဲခြင်း၊ ကုန်ပစ္စည်းမရရှိနိုင်‌တော့ခြင်း သို့မဟုတ် ပို့ဆောင်မှုပြဿနာများကြောင့် Buy.com.mm မှ မှာယူမှုအား ပယ်ဖျက်ပါက ဝယ်ယူသူထံသို့ ပြန်အမ်းငွေ အပြည့်အဝ ပြန်လည်ပေးမည်ဖြစ်သည်။ 

၁၂-၂။ အထက်ဖော်ပြပါ အခြေအနေများအတွက် ပြန်အမ်းငွေပေးခြင်းအား မှာယူမှုပယ်ဖျက်ချိန်မှစတင်၍ ၄၈ နာရီအတွင်း ပြုလုပ်ပေးမည်ဖြစ်သည်။  

၁၃။ ပစ္စည်းပြန်လည်ပို့ဆောင်ခြင်း 

၁၃-၁။ ကုန်ပစ္စည်းအား ပို့ဆောင်ပြီး သို့မဟုတ် ထုတ်ယူပြီးနောက် ကျွန်ုပ်တို့သည် ပြန်အမ်းငွေ ပြန်ပေးခြင်းနှင့် ပစ္စည်းအား ပြန်လည်ပို့ဆောင်ခြင်းတို့အား လက်ခံမည်မဟုတ်ပါ။  

၁၃-၂။ အကယ်၍ စက်ရုံမှ ချို့ယွင်းချက်များဖြစ်ပါက ဝယ်ယူသူသည် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပြီး ကုန်သည်နှင့်/သို့မဟုတ် ထုတ်လုပ်သူနှင့် ပြဿနာကို ညှိနှိုင်းဖြေရှင်းရန် ကူညီပေးပါမည်။  

၁၃-၃။ Buy.com.mm သည် ၎င်း၏ ဝက်ဘ်ဆိုဒ်ပလက်ဖောင်းမှတစ်ဆင့် ရောင်းချထားသော ကုန်ပစ္စည်းများကို ပြန်လည်လက်ခံမည် မဟုတ်ပါ။ ကုန်ပစ္စည်းကို ပို့ဆောင်ပြီး/သို့မဟုတ် ကိုယ်တိုင်ထုတ်ယူပြီးပါက ဝယ်ယူအသုံးပြုသူ၏ တာဝန်သာဖြစ်သည်။  

၁၄။ အာမခံချက် 

၁၄-၁။ Buy.com.mm တွင် ရောင်းချသော ကုန်ပစ္စည်းများတွင် ထုတ်လုပ်သူ၏ အာမခံချက်များ ပါဝင်ပါသည်။ အာမခံနှင့် သက်ဆိုင်သော စည်းမျဉ်းများအတွက် ကုန်ပစ္စည်းအသေးစိတ်ကို ကြည့်ရှုပါ။ 

၁၄-၂။ Buy.com.mm သည် အာမခံနှင့်သက်ဆိုင်မှုများအတွက် တာဝန်မရှိပါသော်လည်း ဝယ်ယူသူအား ထုတ်လုပ်ရောင်းချသူနှင့် ဆက်သွယ်နိုင်ရန်အတွက် ကူညီပေးမည်ဖြစ်သည်။ 

၁၅။ အသုံးပြုသူတာဝန် 

၁၅-၁။ ဝယ်ယူသူသည် မှာယူမှုနှင့် ပို့ဆောင်မှုလုပ်ငန်းစဉ်အတွက် တိကျမှန်ကန်သော ကိုယ်ရေးအချက်အလက်များကို ပေးပို့ရမည်။ 

၁၅-၂။ ဝယ်ယူသူသည် ပို့ဆောင်မှု သို့မဟုတ် ကိုယ်တိုင်ထုတ်ယူချိန်တွင် ကုန်ပစ္စည်းအား ယိုယွင်းချက်များနှင့် ချို့ယွင်းချက်များ ရှိမရှိ စစ်ဆေးရန် တာဝန်ရှိပြီး အကယ်၍ ရှိခဲ့ပါက Buy.com.mm သို့ ချက်ချင်း တိုက်ရိုက် အသိပေးရမည်။ စက်ရုံမှ ချို့ယွင်းမှုများ ဖြစ်ပါက Buy.com.mm သည် ကုန်သည်များနှင့်အတူ ဝယ်ယူသူများကို တတ်နိုင်သ၍ အကောင်းဆုံး ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။ 

၁၅-၃။ ဝယ်ယူသူကြောင့် ဖြစ်ပေါ်သော ကုန်ပစ္စည်း ချို့ယွင်းမှုများအတွက် Buy.com.mm နှင့် ၎င်း၏ ကုန်သည်တို့ထံတွင် တာဝန်မရှိပါ။  

၁၅-၄။ စက်ရုံမှ ချို့ယွင်းမှုများဖြစ်ပါက ဝယ်ယူသူသည် ၅ ရက်အတွင်း Buy.com.mm နှင့်/သို့မဟုတ် ၎င်း၏ ကုန်သည်ထံ အသိပေးရမည်။ ပို့ဆောင်ပြီး/ကိုယ်တိုင်ထုတ်ယူပြီး ၅ ရက်ကျော်လွန်သည့်အခါမှ ဖြစ်ပွားသော စက်ရုံ ချို့ယွင်းချက်များကို buy.com.mm သည် အာမခံပေး၍ မရနိုင်ပါ။ 

၁၆။ တားမြစ်ထားသော လုပ်ဆောင်ချက်များ 

၁၆-၁။ Buy.com.mm ကို အသုံးပြု သူများသည် အောက်ဖော်ပြပါလုပ်ဆောင်ချက်များကို မပြုလုပ်ရပါ။  

  • သက်ဆိုင်ရာ ဥပဒေများ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ခြင်း 
  • အခြားသူများ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း နှင့်/သို့မဟုတ် 
  • Buy.com.mm ၏ လုပ်ငန်းလည်ပတ်မှုများကို နှောင့်ယှက်ဖျက်ဆီးခြင်း။ 

၁၇။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်နှင့် မူဝါဒ 

၁၇-၁။ Buy.com.mm သည် ဝယ်ယူသူ၏ အချက်အလက်များကို သက်ဆိုင်ရာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ကာကွယ်ရေး ဥပဒေများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ပါမည်။ 

၁၇-၂။ Buy.com.mm ကို အသုံးပြုခြင်းဖြင့် သင်သည် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် ကာကွယ်ရေး မူဝါဒတွင် ဖော်ပြထားသော လုပ်ထုံးလုပ်နည်းများကို သဘောတူသည်။ 

၁၇-၃။ ဤစည်းမျဥ်းစည်းကမ်းများနှင့် စပ်လျဥ်း၍ သင်နှင့် ကျွန်ုပ်တို့ကြား ဆက်သွယ်မှု အားလုံးနှင့် သဘောတူညီချက်များသည် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြစ်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာအကြား ကွာဟချက်များ သို့မဟုတ် အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပါက အင်္ဂလိပ်ဘာသာသည် အကျုံးဝင်ပါသည်။  

၁၇-၄။ Buy.com.mm ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင်သည် ကျွန်ုပ်တို့၏ ပရိုမိုးရှင်းများနှင့် သတင်းများကို SMS, အီးမေးလ် သို့မဟုတ် WavePay အကောင့်မှတစ်ဆင့် လက်ခံရရှိရန် သဘောတူသည်။  

၁၈။ မူပိုင်ခွင့် 

၁၈-၁။ Buy.com.mm ရှိ စာသားများ၊ ကုန်အမှတ်တံဆိပ်များ၊ ပုံများ၏ မူပိုင်ခွင့်အားလုံးကို Buy.com.mm မှ ပိုင်ဆိုင်ပြီး ကုန်အမှတ်တံဆိပ်နှင့် မူပိုင်ခွင့်ဥပဒေအဖြစ် ကာကွယ်ထားပါသည်။  

၁၈-၂။ Buy.com.mm ၏ ဖော်ပြချက်စာသားများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။ 

၁၉။ စည်းမျဥ်းများ ပြင်ဆင်ခြင်း   

၁၉-၁။ Buy.com.mmသည် ဝန်ဆောင်မှုအသုံးပြုသူများအား အကြောင်းကြားခြင်းမရှိဘဲ ဤစည်းမျဥ်းစည်းကမ်းများကို ၎င်း၏ဆုံးဖြတ်ချက်ဖြင့် အချိန်မရွေးပြင်ဆင်ရန် အခွင့်အရေး လက်ဝယ်ရှိသည်။ 

၁၉-၂။ ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် Buy.com.mmကို ဆက်လက်အသုံးပြုနေခြင်းသည် ပြင်ဆင်ထားသော စည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်သည်။   

၂၀။ အဆင်မပြေမှုများ   

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား တစ်စုံတစ်ရာကြောင့် မကျေနပ်မှုများ ရှိပါက hello@buy.com.mm (သို့မဟုတ်) 09949238837 သို့ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့မှ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးပါမည်။

၂၁။ အုပ်ချုပ်ရေး ဥပဒေ   

၂၁-၁။ ဤသဘောတူညီချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေနှင့်အညီ ‌ဆောင်ရွက်မည်ဖြစ်သည်။ 

၂၁-၂။ စာချုပ်နှင့်စပ်လျဉ်းသည့် သို့မဟုတ် ၎င်းမှ တစ်ဆင့်ဖြစ်သော အငြင်းပွားမှုများအား မြန်မာနိုင်ငံ၏ အခြေခံဥပဒေလိုက်နာ၍ မြန်မာနိုင်ငံ အငြင်းပွားမှု ဖြေရှင်းရေးစင်တာ (Myanmar Arbitration Centre) မှ အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေဖြင့် ဖြေရှင်းမည်ဖြစ်သည်။