အကျုံးဝင်သည့်ရက်စွဲ: ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်

Buy.com.mm တွင် သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ တန်ဖိုးထားပြီး ကာကွယ်ရန် ကတိပြုပါသည်။ ဤ ကိုယ်ရေးအချက်အလက် ကာကွယ်ရေး မူဝါဒသည် ကျွန်ုပ်တို့၏ E-commerce ပလက်ဖောင်းကို အသုံးပြုသောအခါ သင့်ဒေတာကို မည်သို့ စုဆောင်း၊ အသုံးပြု၊ ကာကွယ်သည်ကို ရှင်းပြထားပါသည်။

၁။ ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်များ

ကျွန်ုပ်တို့၏ ပလက်ဖောင်းကို အသုံးပြုသောအခါ အောက်ပါ အချက်အလက်များကို စုဆောင်းနိုင်ပါသည်။

  • ပုဂ္ဂိုလ်ရေးအချက်အလက်များ - အမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ ဖုန်းနံပါတ် နှင့် ပို့ဆောင်ရန်လိပ်စာ (ပစ္စည်းဝယ်ယူမှုအတွင်းတွင် ပေးပို့ထားပါက စုဆောင်းပါသည်)။
  • ပုဂ္ဂိုလ်ရေးမဟုတ်သော အချက်အလက်များ - စက်ပစ္စည်းအမျိုးအစား၊ browser အမျိုးအစားနှင့် ဝန်ဆောင်မှုများကို တိုးတက်စေရန်အတွက် အခြားနည်းပညာဆိုင်ရာ ဒေတာများ။

၂။ သင်၏အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပုံ

ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုပါသည်။

  • သင်၏အော်ဒါများကို ဆောင်ရွက်ပြီး ပြီးမြောက်စေရန်၊
  • သင်၏ဝယ်ယူမှုများနှင့် ပတ်သက်၍ သင်နှင့် ဆက်သွယ်ရန်၊
  • ကျွန်ုပ်တို့ ပလက်ဖောင်း၏ လုပ်ဆောင်ချက်နှင့် အသုံးပြုသူအတွေ့အကြုံကို တိုးတက်စေရန်၊
  • ဥပဒေရေးရာ တာဝန်များကို လိုက်နာရန်။

၃။ သင့်အချက်အလက်များကို မျှဝေခြင်း

ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း သို့မဟုတ် ငှားရမ်းသုံးစွဲခြင်း မပြုလုပ်ပါ။ သို့သော် ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို အောက်ပါအဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။

  • ဝန်ဆောင်မှုပေးသူများ - သင်၏ မှာယူမှုလုပ်ငန်းစဥ်အတွက် ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများ၊ ပို့ဆောင်ရေးကုမ္ပဏီများကဲ့သို့သော ဝန်ဆောင်မှုပေးသူများနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုပံ့ပိုးပေးမှုများနှင့် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများကို ဖြေရှင်းရန် အတွက် ကုန်သည်များ။
  • ဥပဒေရေးရာ အာဏာပိုင်များ - ဥပဒေအရ လိုအပ်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် လိမ်လည်မှုကို တားဆီးရန်လိုအပ်ခြင်း။

၄။ ကွတ်ကီးများနှင့် ခြေရာခံခြင်း

ကျွန်ုပ်တို့သည် သင်၏ Brower အသုံးပြုမှုအတွေ့အကြုံကို တိုးတက်စေရန် ကွတ်ကီးများနှင့် ဆင်တူသော နည်းပညာများကို အသုံးပြုပါသည်။ ဤနည်းပညာများသည် ကျွန်ုပ်တို့အား အောက်ပါအရာများကို ကူညီပေးပါသည်။

  • သင်၏ရွေးချယ်မှုများကို မှတ်မိစေခြင်း၊
  • ဝက်ဘ်ဆိုဒ် လည်ပတ်မှုကို ချဲ့ထွင်စေခြင်း၊
  • ကိုယ်ပိုင်အကြောင်းအရာများကို ပေးစွမ်းခြင်း၊
  • သင်၏ Browser ဆက်တင်များတွင် ကွတ်ကီးရွေးချယ်မှုများကို စီမံခန့်ခွဲနိုင်ပါသည်။

၅။ ဒေတာလုံခြုံရေး

ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို ကာကွယ်ရန် သင့်တော်သော လုံခြုံရေး စီမံမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။ သို့သော် မည်သည့်အွန်လိုင်းစနစ်မှန်သမျှ လုံခြုံမှုအပြည့်အဝမရှိသဖြင့် အပြည့်အဝ ကာကွယ်နိုင်မည်ကို အာမခံမပေးနိုင်ပါ။

၆။ သင်၏အခွင့်အရေးများ

သင့်တွင် အောက်ပါအခွင့်အရေးများရှိသည်။

  • သင့်ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်း၊ အပ်ဒိတ်လုပ်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်း၊
  • မားကက်တင်းဆက်သွယ်မှုများမှ ထွက်ခွာနိုင်ခြင်း
  • ကိုယ်ရေးအချက်အလက် ကာကွယ်ရေးနှင့် ပတ်သက်သော စိုးရိမ်မှုများအတွက် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ခြင်း။

၇။ တတိယပါတီ လင့်များ

ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် တတိယပါတီ ဝက်ဘ်ဆိုဒ်များ သို့မဟုတ် လင့်များ ပါဝင်နိုင်ပါသည်။ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများအတွက် ကျွန်ုပ်တို့ထံတွင် တာဝန်မရှိပါသဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက် ကာကွယ်ရေး မူဝါဒများကို ပြန်လည်စစ်ဆေးရန် တိုက်တွန်းပါသည်။

၈။ မူဝါဒပြောင်းလဲခြင်း

ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒများကို အချိန်နှင့်အမျှပြောင်းလဲနိုင်ပါသည်။ မည်သည့် ပြောင်းလဲမှုများကိုမဆို ဤစာမျက်နှာတွင် အပ်ဒိတ်လုပ်ထားသော အကျုံးဝင်သည့်ရက်စွဲဖြင့် တင်ပြပါမည်။

၉။ ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်

ဤ ကိုယ်ရေးအချက်အလက် ကာကွယ်ရေး မူဝါဒနှင့် ပတ်သက်၍ မေးခွန်းများရှိပါက hello@buy.com.mm (သို့မဟုတ်) 09949238837 သို့ ဆက်သွယ်နိုင်ပါသည်။

Buy.com.mm ကို ယုံကြည်စွာ အသုံးပြုသောကြောင့် ကျေးဇူးတင်ပါသည်။